Q: ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။မရှိတော့တဲ့
မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ကိုးကွယ်နေလို့ကော
အကျိုးရှိပါမလား။
ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။
Saturday, March 16, 2013
ဆရာတော် ဘုရားကြီးများ၏ ဆုံးမသြ၀ါဒများ
*ယခုလက်ရှိ အချိန်ထက် ကောင်းသောအချိန်မရှိ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ
အကျိုးရှိအောင် အသုံးချပါ။ (မင်းကွန်းဆရာတော်ဘုရားကြီး) *သူများနေရာမကျတာကို လျှောက်မပြောနဲ့ ကိုယ်နေရာမကျတာ သိရင်တော်ပြီ။
နေရာမကျတာကို နေရာမကျဘူးလို့ သိရင် နေရာကျပြီ။ နေရာမကျဘဲနှင့် နေရာကျတယ်ထင်ရင်တော့ နည်းနည်းကလေးမှ မျှော်လင့်စရာ
မရှိဘူး။ (ဝေဘူဆရာတော်ဘုရားကြီး)
Tuesday, March 12, 2013
ဓမ္မပဒ ပါဠိ မြန်မာပြန် အင်္ဂလိပ်
*အသာရေ သာရမတိနော၊ သာရေ စာသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။*
*သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။*
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။*
*သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။*
Sunday, March 3, 2013
ကမ္ဘာ့ပညာရှင်တို့ မျက်လုံးထဲက ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်ကပင် လူသားထုကို
အသိဥာဏ်အလင်းရရှိစေခဲ့ပြီး အနှောင်အဖွဲ့နှင့် ဥပါဒါန် အစွဲများမှ
လွန်မြောက်စေသည့် သိပ္ပံနည်းကျ ဘာသာတရားဖြစ်သည်။ ဘာသာရေးအများစုမှာ
တည်ထောင်သူ ဘာသာရေးခေါင်းဆောင် များ ကို ၎င်းတို့၏ နောက်လိုက်များကသာ
ချီးကျူးဂုဏ်ပြုကြသော်လည်း ဗုဒ္ဓကိုမူ ယနေ့တတ်သိပညာရှင်တိုင်းက
မည်သည့်ဘာသာဝင် မဆို ၎င်းတို့၏ မူလခံယူထားသော ဘာသာကိုပင် အလေးမမူတော့ဘဲ
ဂုဏ်ပြုချီးကျူးကြပေသည်။
ဘာသာတရားရှိသူများသာမက လောကကိုအလေးထားသည့် လွတ်လပ်သော တွေးခေါ်ရှင်ဆိုသူများကပက် ချီးကျူးဂုဏ်ပြု ကြပေသည်။ သမိုင်းကြောင်းအမြင်အရ ဘာသာရေးလွတ်လပ်မှုသာမက လူသားတို့၏ သက်ရှင်ထင်ရှားသော ဆရာဟူ၍ တစ်စုံတစ်ယောက် မျှ မရှိခဲ့ဖူးချေ။ ဘာသာရေးကို ဗုဒ္ဓမပေါ်မီက အချို့သော ဂိုဏ်းဂဏများကသာလျှင် အပိုင်စီးထားကြသည်။ ဗုဒ္ဓသည် လူ့အဖွဲ့အစည်းတွင် လူတိုင်းအတွက် အပိုင်းအခြားမဲ့ တံခါးဖွင့်လှစ်ထားသည့် သမိုင်းဝင် ဆရာတစ်ဆူဖြစ်သည်။

ဗုဒ္ဓဘာသာ ၀င်တိုင်း သိသင့်တဲ့ ဘာသာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ
သာသနာတော်သုံးရပ်
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း
ရတနာသုံးပါး
၁။ ဘုရား ၂။ တရား ၃။ သံဃာ
ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ
မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓနမြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊
ယသော်ဓရာ၊ ဗောဓိညောင်ပင်
*ပိုင်းလော့ဆရာတော်ဘုရား၏ တရားတော်များမှ အဆုံးအမများ*
*ပိုင်းလော့ဆရာတော်ဘုရား၏ တရားတော်များမှ အဆုံးအမများ*
နိဗ္ဗာန်အကြောင်းနှင့် တဏှာ၊ မာန၊ ဒိဋ္ဌိ တစ်ပေါင်းတည်းဖြစ်ကြောင်း ပြပုံ
ကာယပသာဒမှာ ပေါ်သော ခန္ဓာငါးပါးပြပုံ
ခန္ဓာငါးပါး ဒုက္ခသစ္စာ တစ်ပေါင်းတည်းဖြစ်ပုံ
ပညာရကြောင်းနှစ်ချက် (အပြင်တစ်ချက်၊ အတွင်းတစ်ချက်)
ယုံကြည် ကျန်းမာ၊ ဖြောင့်စင်းစွာဖြင့်၊ ပြင်းစွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။.

Subscribe to:
Posts (Atom)