*ယခုလက်ရှိ အချိန်ထက် ကောင်းသောအချိန်မရှိ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ
အကျိုးရှိအောင် အသုံးချပါ။ (မင်းကွန်းဆရာတော်ဘုရားကြီး) *သူများနေရာမကျတာကို လျှောက်မပြောနဲ့ ကိုယ်နေရာမကျတာ သိရင်တော်ပြီ။
နေရာမကျတာကို နေရာမကျဘူးလို့ သိရင် နေရာကျပြီ။ နေရာမကျဘဲနှင့် နေရာကျတယ်ထင်ရင်တော့ နည်းနည်းကလေးမှ မျှော်လင့်စရာ
မရှိဘူး။ (ဝေဘူဆရာတော်ဘုရားကြီး)
*ကုသိုလ်တွေလုပ်ရတာ မပျင်းနှင့် ကုသိုလ်ဆိုတာ ပျင်းလဲလုပ် ပျော်လည်းလုပ်
ကုသိုလ်ရဲ့အရိပ်ဟာ ဘယ်သွားသွားပါတာဘဲ။ (ဝေဘူဆရာတော်ဘုရားကြီး) *စိတ်ထားမြင့်မြတ်လျှင် ဘယ်သူမဆို အထက်တန်းစားလူ ဖြစ်နိုင်တယ်။ စိတ်ထား
အလတ်စားရှိလျှင် အလတ်စားလူ ဖြစ်နိုင်တယ်။ မိမိစိတ်ထား အောက်တန်းကျနေလျှင် အောက်တန်းစားလူ ဖြစ်လိမ့်မယ်။ စိတ်ရင်း
စေတနာသည် လူတန်းစားကို ခွဲခြားသည်။ (ဦးဥတ္တမသာရ ဘိဝံသ) *ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ကြ၊ ကိုယ့်ကိုယ်ကို မသနားရင် သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ကြ။ *တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရားတဲ့အလုပ် မလုပ်တဲ့ အချိန်ဘဲ။ *အချိန်တိုင်း တွေးနေရင်း ဘဝပြောင်းနေသည်။ *ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာက သူ့လမ်းသူပြေးနေတော့ မနေ့ကထက် ယနေ့ သေဖို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။ *အရင်က ဆိုးလို့ ခုဆိုးတယ်၊ ခုဆိုးရင် နောင်ဆိုးပါလိမ့်မယ်။ အရင်ကကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။ *လူကောင်းသည် အရူးနှင့်ပြိုင်၍ အဝတ်မလစ်ကောင်း၊ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း၊
ကျင်ကြီးသည် အေးသည်ဖြစ်စေ နွေးသည်ဖြစ်စေ ရွံဖွယ်သာတည်း။ *မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ၊ ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ။
Saturday, March 16, 2013
Subscribe to:
Post Comments (Atom)



No comments:
Post a Comment